Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အညာ)ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အညာ)ဈေးမြင့်လာ

မန္တလေးကုန်စည်ဒိုင်တွင် ဇွန်လနောက်ဆုံးပတ်၌ ပဲတီစိမ်း သုံးတင်းတစ်အိတ်လျှင်ကျပ် ၂၀၀၀မှ ၅၀၀၀ထိဈေးမြင့်တက်လာခဲ့သည်။ မတ္တရာ၊ စဉ့်ကူး၊ကျောက်ဆည်၊ ကူမဲ၊ သဲတောနယ်ဘက်မှ မိုးပဲတီစိမ်းအသစ်များဝင်ရောက်လျှက်ရှိပြီးရန်ကုန််နှင့် တရုတ်ဝယ်လက်များမှဝယ်ယူရှိနေပြီးဈေးကောင်းရနေကြောင်းသိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင်သုံးတင်တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၁၂၀၀၀၀မှ ၁၄၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၁၅၀၀၀မှ ၁၃၈၀၀၀၊ ယခင်လကျပ် ၁၂၀၀၀၀မှ ၁၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၀မှ ၅၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News